မြန်မာစံတော်ချိန်
Wednesday, February 15, 2012
ဗုဒ္ဓဘာသာ မြန်မာမိန်းခလေးများအတွက် မမှားသင့်တာလေးတွေမမှားရအောင်
ဖြစ်ရပ်မှန် (၁)
ဒီအဖြစ်အပျက်လေးက အညာမြို့လေးတစ်မြို့မှာ တကယ်ဖြစ်ပျက် ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။
တိတိကျကျပြောရရင်မုံရွာမြို့နယ်၊အလုံမြို့လေးမှာဖြစ်ပါတယ်။ဒီမြို့လေးဟာဘိုးတော်ဘုရားအိမ်နိမ့်စံဘ၀ကပဒုံဟူသော
အမည်နဲ့မြို့တည်ပြီးစိုးစံခဲ့တာကြောင့်သမိုင်းကြောင်းအရာလည်း ထင်ရှားခဲ့ပါတယ်။
အလုံမြို့လေးဟာ ချင်းတွင်းမြစ်ကမ်းနဖူးမှာတည်ရှိနေတာကြောင့်လည်း သာယာစိုပြေလှပါသည်။ မြို့သူမြို့သားတွေဟာ
ချင်းတွင်းရေသောက်သူများဖြစ်ကြတဲ့အတွက် အသားအရေစိုပြေလှပါတယ်။ အဲဒါကြောင့် ချင်းတွင်းမြစ်ရေဟာ အလုံမြို့
သူမြို့သားတွေရဲ့ နှလုံးသားများဖြစ်နေပါတော့တယ်။မစုစုလတ်ဟာဦးလှမြတ်+ဒေါ်စန်းရီဆိုတဲ့မိဘနှစ်ပါး၊ ညီအစ်ကို
မောင်နှမ များနှင့်အတူအလုံမြို့၊ရွေတံခါးရပ်မှာနေထိုင်ကြပါတယ်။သူတို့မိသားစုဟာမျိုးရိုးအစဉ်အဆက်ကတည်းက
အေးအေးဆေးဆေးနေတတ်ကြသူများဖြစ်ကြပါတယ်။
ဖခင်ဦးလှမြတ်ကတော့ အရောင်းအ၀ယ်နဲ့သာ အချိန် ကုန်နေတတ်ပြီးမိခင်ဒေါ်စန်းရီမှာတော့ အထက ( ၁ ) အလုံမှ
ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။ဆရာမဖြစ်သည့်အလျောက် ခလေးငယ်များ ကျောင်းပညာရေးဖြင့်သာ အချိန်ကုန်
ခဲ့ရပါတယ်။ "တပည့်မရှား တစ်ပြားမရှိ ပီတိကိုစား အားရှိပါ၏" ဆိုတဲ့ သူလည်းဖြစ်ပါတယ်။ အဲဒါကြောင့် မိမိရဲ့ သား
သမီးများကို "အမျိုးကို ဘယ်လိုချစ်ရမယ်၊ ဘာသာတရားကိုဘယ်လိုလေးစားတန်ဖိုးထားရမယ်" စတာတွေကို ဆုံးမ
သွန်သင်ဖို့ပျက်ကွက်ခဲ့ပါတယ်။ အခုဆိုရင်သမီးဖြစ်သူ မစုစုလတ်တောင် အရွယ်ရောက်လို့ လှသွေးကြွလို့နေပါပြီ။
အသားကလည်းဖြူ ရုပ်ဆင်းအင်္ဂါကလည်းချောမွေ့၊ ခန္ဓာကိုယ်အချိုးအစားကလည်းပြေပြစ်တော့ မြင်သူတကာငေး
မောရလောက်အောင် လှပလွန်းပါတယ်။
အလှပေါ်အယဉ်ဆင့်ဆိုသလို သူ့ရဲ့ရိုးသားမှုဂုဏ်ကလည်း ပိုပြီးတော့လှပတင့်တယ်မှုကို အရောင်တောက်စေပါတယ်။
အရွယ်လည်းရောက်လာတဲ့မစုစုလတ်ဟာ မိဘတွေရဲ့ဝင်ငွေကို တစ်ဘက်မှကူညီပြီးရှာဖွေပေးချင်တဲ့အတွက် စက်ချုပ်
ပညာကိုသင်ယူခဲ့ပါတယ်။ ဒီပညာနဲ့ပဲ မိဘ၀င်ငွေကို တစ်ဘက်တစ်လမ်းကရှာဖွေပြီး မိဘကျေးဇူးဆပ်ခဲ့ပါတယ်။ အလုပ်
အကိုင်လေးကလည်းရှိ၊ ရုပ်ရည်ကလည်းချော၊သ ဘာမနောကလည်းဖြူဆိုတော့ သူကို လှမ်းခြူဖို့ကြိုးစားနေကြတဲ့
ကိုကိုလူပျိုကာလသားတွေကလည်း ၀ိုင်းဝိုင်းလည်အောင်ရှိခဲ့ပါတယ်။အဲဒီထဲမှာ ရာဇင်ဆိုတဲ့ ကောင်လေးတစ်ယောက်
လည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်၊ ရာဇင်ဟာ စုစုလတ် အပ်ချုပ်ဆိုင်ကိုသွားတိုင်း လမ်းမှစောင့်ပြီး ပိုးပန်းလေ့ရှိ ခဲ့ပါတယ်။
ရိုးသားဖြူစင်ဖြောင့်မတ်တဲ့ စုစုလတ်ကို အာဘောင်အာရင်းသန်သန်ဖြင့် ချိုမြရွှင်ပြတဲ့ ရည်းစားစကားများပြောပြီး စုစု
လတ် ရဲ့အချစ်ကို ရယူ နိုင်ခဲ့ပါတယ်။
အချစ်မျက်ကန်းသည်မလေးစုစုလတ်ဟာ ရာဇင်ရဲ့အချစ်ကို လက်ခံရယူပြီးချိန် မှာတော့ ရာဇင်ဟာမစုစုလတ်အပေါ်အလို
လိုက်အကြိုက်ဆောင်ကာ အစွမ်းကုန်ယုယကြင်နာမှုများ ပေးစွမ်းခဲ့ပါတယ်။ နောက်ပြီး မစုစုလတ်ကြိုက်တတ်တဲ့ အမှတ်
တရပစ္စည်းလေးများကို ၀ယ်ပေးလေ့ရှိခဲ့ပြီး အပြုံးချိုချိုမျက်နှာထားလေးနဲ့ အကြွားပိုပြခဲ့ပါတယ်။ မိန်းခလေးတစ်ယောက်
ကိုဘယ်လိုပြောရမယ် ဘယ်လိုချဉ်းကပ်ရမယ်၊ ဘယ်လိုမြူဆွယ်ရမယ်ဆိုတာကိုလည်း ကျွမ်းကျင်ပိုင်နိုင်ပြီး မိန်းမကျမ်း
ကျေထားပုံလည်းရပါတယ်။
ရာဇင်နဲ့မစုစုလတ်ဟာ တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြပေမဲ့ မတူညီတဲ့ခြားနားချက်တွေ ရှိခဲ့ကြပါတယ် အဲဒါက
တော့ လူမျိုးလည်းမတူ၊ ဘာသာကလည်းခြားနားလို့နေပါတယ်။မစုစုလတ်ဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးစစ်စစ်ဖြစ်တဲ့
မိဘနှစ်ပါးက ပေါက်ဖွားလာတဲ့ မြန်မာအမျီုးသမီးလေးပဲဖြစ်ပါတယ်။ ရာဇင်ကတော့ မြန်မာလူမျိုးလည်းမဟုတ်သလို
ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်သူလည်း မဟုတ်ခဲ့ပါဘူး။ ဒီလိုမတူညီတဲ့ ခြားနားမှုလေးတွေကြောင့် မစုစုလတ်မိဘ
များကလည်း ရာဇင်နဲ့သဘောမတူခဲ့သ လို မစုစုလတ်ကိုယ်တိုင်ကလည်း ရာဇင်နဲ့လက်ထပ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဒါပေမယ့် ရာဇင်က မစုစု လတ်ကို "လူမျိုးမတူ ဘာသာမတူတာနဲ့ ကိုယ်တို့နှစ်ယောက် ဝေးရမယ်ဆိုတာ လုံးဝမဖြစ်စေ
ရဘူး။ ငါလည်းငါကြိုက်နှစ်သက်တဲ့ဘာသာကို ကိုးကွယ်မယ်။ မင်းကိုလည်း မင်းကြိုက်နှစ်သက်တဲ့ဘာသာကို လွပ်လွပ်
လပ်လပ် ကိုးကွယ်ယုံကြည်ခွင့်ပေးမယ်"ဆိုပြီး အာမခံချက် ရဲရဲတင်းတင်းပေးလိုက်ပါတယ်။
ဖြစ်ရပ်မှန် အပိုင်း( ၂ )
အရိုးခံမစုစုလတ်ခမျာ စိတ်ထဲမှာ ရာဇင်ဟာအခြားအခြားသောလူမျိုးခြား၊ဘာသာခြားတွေနဲ့မတူ လိမ္မာယဉ်ကျေးမှုရှိ
တယ်။လူမှုရေးရှိတယ်၊ သူ့အပေါ်ကို နားလည်မှုပေးတယ်၊ ဘာသာရေး လွတ်လပ်ခွင့်ကိုလည်းပေးတယ်ဆိုပြီး တစ်
ကိုယ်တော် ချီးမွမ်းခမ်းထုတ်ကာ ရာဇင်ကို မိုးကျရွေကိုယ် နတ်သားတစ်ပါးလို ထင်လာခဲ့ပါတယ်။
မစုစုလတ်မိဘတွေကလည်း ရာဇင်နဲ့အဆက်အသွယ်ဖြတ်ဖို့ အမျိုးမျိုးဖြောင်းဖျခဲ့ကြပါတယ်။ " သမီးရယ် အခုသမီးနဲ
့ချစ်ကြိုက်နေတဲ့ကောင်လေးနဲ့တော့ မယူပါနဲ့၊ သမီးဒီကောင်လေးကို လက်ထပ်ယူမယ်ဆိုရင်မေမေတို့မိဘဘိုးဘွားအစဉ်
အဆက်တွေ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ မျိုးရိုးဗီဇတွေ ပျက်စီးကုန် လိမ့်မယ်၊ သမီးကြားဖူးမှာပါ၊မြေမျိုလို့လူမျိုးမပြုတ်
လူမျိုမှလူမျိုးပြုတ်မယ်ဆိုတာ၊ ဒီစကားဟာ ရှေးက လူကြီးတွေက သက်သက်အဓိပ္ပါယ်မဲ့ ပြောခဲ့တာမဟုပ်ဘူး၊သမီးတို့လို
အချစ်မျက်ကန်းတွေအတွက် အရေးတကြီးမှာခဲ့တဲ့စကားဖြစ်တယ်၊ သမီးအခုဆိုရင် အဲဒီစကားရဲ့ စည်းတစ်ဘက်ကို
ရောက်ဖို့ တာစူ နေပြီ၊ အသိတရားနဲ့သတိထားပါသမီးရယ်၊ မေမေလည်းငယ်ရာကကြီးလာတာမို့သမီးတို့လူငယ်တွေရဲ့
အချစ်ဟာ ဘယ်လောက်ထိနက်ရှိုင်းစူးနစ်တယ်ဆိုတာ မေမေနားလည်ပါတယ်။
မေမေတို့နဲ့အမျိုးတူဘာသာတူ၊ ဖြစ်နေမယ်ဆိုရင် လမ်းဘေးမှာခြေပြတ်လက်ပြတ် တောင်းစားနေတဲ့ သူတောင်းစားနဲ့ဆို
ရင်တောင် မေမေ အခုလိုမျက်ရည်နဲ့မျက်ခွက်ငိုယိုပြီး သမီးကိုတောင်းပန်နေမှာမဟုတ်ဘူး၊ လမ်းဘေးကသူတောင်းစားနဲ့
ယူလို့ ငါ့သမီးကမွေးတဲ့ မေမေ့မြေးလေးတွေဟာ မြန်မာလူမျိုး စစ်စစ်ဖြစ်ရသေးတယ်၊ အခုသမီးချစ်ကြိုက်နေတဲ့ကောင်
လေးနဲ့သာယူမယ်ဆိုရင် ငါ့သမီးက မွေးတဲ့ငါ့မြေးလေးတွေဟာ လူမျိုးခြားကပြားလေးတွေဖြစ်နေချေရဲ့။ ဒါကြောင့်မို့ မေ
မေ့ကိုသနား ကြင်နာသော အားဖြင့် ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီကောင်လေးကိုတော့ လုံးဝလက်မထပ်နဲ့နော်"ဆိုပြီး မိခင်
ဒေါ်စန်းရီခမျာ သမီးဖြစ်သူကို ငိုယိုပြီးတောင်းပန်ရှာပါတယ်။
ဒါပေမဲ့ မစုစုလတ်ကတော့ ခပ်မိုက်မိုက်ပဲ အချစ်သူရဲကောင်းကြီးလုပ်ပြီး ရာဇင်နဲ့နှစ်ဦးသဘောတူ လက်ထပ်ယူလိုက်ကြ
ပါတယ်။ အဲဒီတုန်းက မစုစုလတ်ဟာ ကမ်းမမြင်လမ်းမမြင် နှစ်ဦးသား ချစ်ရည်လူးကာ ပျော်ရွင်လိုက်သည့်ဖြစ်ခြင်း၊
လောကမှာသူ့လောက်ကံကောင်းသူ မရှိဟုပင် ထင်ခဲ့မိပါတယ်။ သူတို့လက်ထပ်ပြီးလို့နှစ်လလောက်ကြာလာတဲ့ အခါ
မှာတော့ မင်းသားခေါင်းစွပ်ထားတဲ့ ဘီလူးမျက်နှာ ဟာ တစ်နေ့တခြား ထင်ထင်ရှားရှားပေါ်လွင်လာပါတော့တယ်။
ရာဇင်ဟာ သူတို့ဘာသာရဲ့ထုံးစံအတိုင်းမစုစုလတ်ကို သူတို့ဘာသာထဲဝင်ရမယ်လို့ အကျပ်ကိုင်လာပါတယ်။ နောက်ပြီး
ရာဇင်က တကယ်လို့ မစုစုလတ်အနေနဲ့ သူတို့ဘာသာထဲကိုမ၀င်ပဲ ဗုဒ္ဓဘာသာကို ဆက်လက်ကိုးကွယ် ယုံကြည်နေဦး
မယ်ဆိုရင် သူတို့ဘာသာရဲ့ထုံးစံအရ တရားဝင်ဇနီးမယားဖြစ်မလာနိုင်ကြောင်း၊ မွေးလာတဲ့သားသမီးတွေ မှာလည်း
တရားဝင် သားသမီးမဟုတ်တော့ဘဲ တိတ်တိတ်ပုန်း ရထားတဲ့သားသမီးများ ဖြစ်ခြင်းကြောင့် အမွေဆက်ခံခွင့်မရရှိနိုင်
ကြောင်း၊ မစုစုလတ်ကိုယ်တိုင်မှာလည်း၊ တရားဝင်ဇနီးမယား မဖြစ်သေးတဲ့အတွက် လင်မယားချင်းကွဲကွာတဲ့အခါ ဘာ
ပစ္စည်းမှ မရနိုင်ကြောင်း၊ ဒါကြောင့်မို့ မစုစုလတ်ကိုယ်တိုင်တရားဝင်ဇနီးဖြစ်အောင် သူတို့ဘာသာထဲဝင်ပြီး သူတို့ဘာသာ
နဲ့အညီ လက်ထပ်ရမညီဖြစ်ကြောင်း အကျပ်ကိုင်လာပါတယ်။ နောက်ပြီး ရာဇင်ရဲ့မိဘ ညီအစ်ကိုမောင်နှမတွေကလည်း
သူတို့အိမ်မှာတစ်ခြားဘာသာကို ကိုးကွယ် ယုံကြည်တဲ့ မစုစုလတ်ရှိနေလို့ လာဘ်မရှိတာ စီးပွားရေးကျတာဆိုပြီး မစုစု
လတ်အပေါ် အပြစ်ပုံချကာ မကြည်ဖြူနိုင်တော့ဘဲ ငြိုငြင်လာကြပါတယ်။
အခုတော့ လူမျိုးခြားဘာသာခြားရဲ့စကားကိုယုံကြည်ပြီး လက်ထပ်ယူခဲ့တဲ့ မစုစုလတ်ရဲ့ မိုးကောင်းကင် ရွေအိမ်မက်ကြီး
ဟာ တစ်ဖြည်းဖြည်းအရောင်တွေလွင့်ပါးပြီး ပျက်ပြယ်ခဲ့ရပါပြီ။ ပျော်ရွင် ရယ်မောခြင်းတွေဟာလည်း တဖြည်းဖြည်း
အရည်ပျော်ကာ ငိုကြွေးခြင်းရဲ့လမ်းစဖြစ်ခဲ့ရပါပြီ။သူရဲ့နှုတ်ခမ်းထက်က ချိုချိုမြမြစကားလုံးတွေဟာ ခုတော့ခါးတမာ
တောလိုဖြစ်ခဲ့ရပါပြီ။ သူတို့ရဲ့ ကြင်စဦးဇနီးမောင်နှံတုန်းက အကြင်နာပုံရိပ်တွေဟာလည်း တံလျပ်ပမာ အဝေးဆီသို့သာ
တရိပ်ရိပ် လွင့်မျောပျောက်ကွယ်သွား ရပြီတကား။
အခုတော့မစုစုလတ်ခမျာ ဆုံးဖြတ်ချက်တခုခုတော့ချရတော့မှာဖြစ်ပါတယ်။ တိုင်းပြည်နဲ့မိဘဘိုးဘွားတွေရဲ့ မျိုးရိုးဇာတိကို
ငဲ့မည်လော၊ မိမိရဲ့တစ်ဘ၀စာ တစ်နပ်စာ ရှေ့ရေးကိုငဲ့မည်လော၊ ပဒိုင်းသီးကဲ့သို့ စားလည်းရူး ဆုတ်လည်းစူးဖြစ်ရတော့
မည့်အခြေအနေသို့ ဆိုက်ရောက်နေပါတော့တယ်။ မိမိရဲ့အမိုက်ဇာတ်ကို မိမိကိုယ်တိုင်ပဲ ပြီးဆုံးအောင် ကရပါတော့မယ်။
ဒီအချိန်မှာ အိမ်ပြန်လို့လည်း ဘယ်မိဘ ညီအစ်ကိုမောင်နှမကမှ လက်ခံမည်မဟုတ်၊ မိဘညီအကိုမောင်နှမတွေက ဒီလူ
မျိုးခြားဘာသာခြားကို လက်ထပ်မယူဖို့ အတန်တန်တားတဲ့ကြားက မိမိကိုယ်တိုင်က ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ အချစ်
သူရဲ ကောင်းကြီးလုပ်ပြီး " ငရဲ " တွင်းထဲသို့ ခုန်ဆင်းခဲ့သည်မဟုတ်ပါလား။
အပိုင်း ( ၃ ) ဇာတ်သိမ်း
အခုတော့ မစုစုလတ်ရဲ့ဘ၀ကတော့ "ပေါက်တဲ့နဖူးမထူးဘူး" ဆိုတဲ့စကားလို ဘယ်အရာမျိုးကိုမှ မထူးတော့ဘဲ ကံကြမ္မာ
ကိုသာ ယိုးမယ်ဖွဲ့ပြီး လူမျိုးခြားဘာသာဇာတ်ထဲကို ခြေစုံပစ်ဝင်လိုက်ရပါတော့တယ်။လူမျိုးခြား၊ ဘာသာခြားဇာတ်ထဲဝင်ရ
တယ်ဆိုတာ ပါးစပ်ကအပြောနဲ့ဝင်ပါ့မယ်ဆိုပြီး လုပ်လို့မရဘူး။ သူတို့ယုံကြည်မှုရှိအောင် သူတို့ခိုင်းသမျှ အကုန်လုပ်ပြရ
တယ်။ မစုစုလတ်ငယ်ငယ်လေးထဲက ဦးထိပ်မှာ ပန်ဆင်ပြီး ရှိခိုးဦးချခဲ့တဲ့ဗုဒ္ဓရုပ်ပွားတော်ဟာ အခုတော့ မစုစုလတ်ရဲ့ခြေဖ
ဝါးအောက် ရောက်ခဲ့ရပါပြီ။ မိဘဘိုးဘွားစဉ်ဆက်က အရှေ့အရပ်ကို ခေါင်းပြုအိပ်ခဲ့ရတဲ့မစုစုလတ်ဟာ အခုတော့ ခြေအစုံ
ပစ်ကန်ပြီး အိပ်ခဲ့ရပါပြီ။ အိမ်ဦးခန်းမှာကိုးကွယ်ယုံကြည်ခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်ဟာလည်း သာမန်သစ်သားတုံးအမှတ်ဖြစ်ခဲ့ရ
ပါပြီ။ တန်ခိုးကြီးစေတီပုထိုးများဟာလည်း မစုစုလတ်ဘ၀အတွက်တော့ အုပ်ပုံအဖြစ်ရောက်ခဲ့ရပါ ပြီ။
သို့ပေမယ့် မစုစုလတ်အနေနဲ့ ဘာမှအားအငယ်ခဲ့ပါ။ ဘာကိုမှလည်း တွေးပြီး မပူပန်ခဲ့ပါ။မောင်သာမေ့ဘ၀၊ မောင်သာ
မေ့ရဲ့ ကမ္ဘာဖြစ်လို့ နေခဲ့မိပါတယ်။ လောကမှာ အမြတ်နိုးဆုံးအရာတွေလို့ထင်မှတ် ထားခဲ့တဲ့ မိဘမျိုးရိုးစဉ်ဆက်နှင့်
ဘာသာ တရားတွေကို ချိန်ခွင်တစ်ဖက်မှာတင်ပြီးတော့ ရာဇင်ဆိုတဲ့မောင့်ကို ချိန်ခွင်တစ်ဖက်မှာတင်ပြီး ချိန်တွယ်ခွင့်
ရမယ်ဆိုရင်တောင်၊ မောင့်ဖက်မှာပဲ အလေးပေးခဲ့တဲ့ အချစ်မျက်ကန်းသည်မလေး မစုစုလတ်မဟုတ်ပါလား။
၂၀၀၀ ပြည့်နှစ် မတ်လသို့ရောက်ခဲ့ပါပြီ။ ဒီအချိန်မှာ မစုစုလတ်တစ်ယောက် ကျမ္မာရေးမကြာခဏဖောက်ပြန်လို့နေပါ
တယ်။ ညတိုင်းအိပ်တဲ့အခါတွေမှာလည်း အိမ်မက်ဆိုးများမြင်မက်လေ့ရှိပါတယ်။ အဲဒါကြောင့် ဒုက္ခရောက်တဲ့အခါထွက်
ပေါက်အဖြစ်လင်ယောက်ျားမသိအောင် ဗေဒင်ဆရာကို အားကိုးတကြီးနဲ့ သွားမေးပါတယ်။ ဗေဒင်ဆရာက ဘုရားမှာ
အုန်းညွန့်၊ ဒါန်းညွန့်များလှူပြီး ကုသိုလ်ကောင်းမှုများလုပ်ဖို့ ယတြာပေးလိုက်ပါတယ်။ မစုစုလတ်အနေနဲ့ ရောဂါဝေဒနာ
သက်သာပျောက်ကင်းစေဖို့ ဗေဒင်ဆရာပေးလိုက်တဲ့ ယတြာကိုချေချင်ပါတယ်၊ ဒါပေမယ့် ဘာသာခြားဇာတ်ထဲဝင်ထား
တဲ့သူတစ်ယောက်အနေနဲ့ ဘုရားကျောင်းကန်မှာသွားပြီး အုန်းညွန့်၊ ဒါန်းညွန့်လှူဖို့ အခက်တွေ့ရ ပါတော့တယ်။ ဒါပေမယ်
ဥပါဒါန်ကြောင့်ဥပါဒ်ရောက် မဖြစ်ရအောင် ( ၆. ၃. ၂၀၀၀ )နေ့မှာ ဘုရားကျောင်းကန်ကို သွားမနေတော့ဘဲ မိမိအိမ်မှာ
တင် လစ်ပိုပုလင်းထဲကို အုန်းညွန့်၊ ဒါန်းညွန့်များထိုးကာ အပ်ချုပ်စက် ခုံပေါ်မှာပဲ တင်လှူလိုက်ပါတယ်။ ဒီစက်ချုပ်ခုံပေါ်
မှာ ပန်းတင်လှူတာကိုမြင်သွားတဲ့ ယောက်မဖြစ်သူ နိုရဘီက စုစုလတ်ဘုရားမှာပန်းတင်လှူကြောင်း အကိုဖြစ်သူရာဇင်
နှင့် သူ့အိမ်သားတွေကို တိုင်ကြားပါတယ်။ ရာဇင်နဲ့ယောက္ခမဖြစ်သူများဟာ စုစုလတ်သူတို့အိမ်မှာပန်းတင်လှူကြောင်း
လည်း သိရော ယမ်းပုံမီးကျ ဒေါသပေါက်ကွဲကာ မစုစုလတ်ကိုခေါ်ပြီး ပါးတွေနားတွေရိုက်ပစ်လိုက်ကြပါတယ်။ပြီးတော့
ရာဇင်က "နင့်ဘုရားရှိခိုးမယ့်အစား င့ါဟာကြီးရှိခိုး”ဆိုပြီး ပုဆိုးလှန်ပြကာ ရှိခိုးခိုင်းပါတယ်။
မစုစုလတ်ကိုရိုက်နှက်တဲ့နေရာမှာ ရာဇင်တင်မကပဲ ရာဇင့်အမေနင့် မောင်နှမလေးယောက်တို့က ၀ိုင်းပြီးရိုက်နှက်ကြပါ
တယ်။ လူလေးယောက်က၀ိုင်းပြီးရိုက်နှက်ကြတဲ့အတွက် မစုစုလတ်ခမျာ အလွန် နာကျင်လွန်းလှတာမို့ အော်ဟစ်ငိုကြွေး
ပြီး ပတ်ဝန်းကျင်ကိုအကူအညီလှမ်းတောင်းမိပါတယ်။ မစုစုလတ်က ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းရမလား
ဆိုပြီး ရာဇင်တို့မိသားစုရဲ့ ဒေါသဟာ အထွက်အထိပ်သို့ရောက်ရှိသွားပါတယ်။ အဲဒါကြောင့် အိမ်ရှိတံခါးအားလုံးကိုပိတ်ပြီး
စုစုလတ်ပါးစပ်ထဲသို့ အ၀တ်စုတ်များကိုထည့်ကာ မသေမချင်း သတ်ဖြတ်ပစ်လိုက်ကြပါတယ်။
မစုစုလတ်ခမျာမှာလည်း မိန်ကလေးဖြစ်နေတာကတစ်ကြောင်း လေးယောက်အားကို မယှဉ်နိုင်တာက တစ်ကြောင်း
ဆိုတော့ သရဲသဘက်စီးနေတဲ့ သူတို့စက်ကွင်းထဲက ဘယ်လိုမှရုန်းမထွက်နိုင်ဘဲ အိမ်ထဲမှာတင်ပဲ ပွဲချင်းပြီးသေဆုံးသွားပါ
တယ်။ ရာဇင်တို့မိသားစုဟာ အလွန်လည်ကြပါတယ်၊ ယုတ်မာတဲ့နေရာ မှာလည်း နှစ်ယောက်မရှိဘူးလို့တောင် ပြောလို့ရ
ပါတယ်။ စုစုလတ်အလောင်းကို မတော်တဆသေဆုံးမှုသေခင်းပုံစံမျိုးနဲ့ သဲလွန်စဖျောက်ဖို့ ကြိုးစားကြပါတယ်။ တစ်မြို့
လုံးမှာရှိတဲ့ သူတို့အမျိုးတူ၊ဘာသာတူတွေအားလုံးကလည်း ငွေအားလူအားနဲ့ ၀ိုင်းဝန်းပြီး လက်စလက်နဖျောက်ပေးကြပါ
တယ်။ စုစုလတ်အလောင်းကိုမြေမမြုတ်ပဲမီးသဂြိုဟ်ဖို့ စီမံကြပါတယ်။ မိခင်ဖြစ်သူဒေါ်စန်းရီမှာ သူသမီးဟသွေးရိုးသားရိုး
နဲ့သေတာမဟုတ်မှန်းတော့သိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ အမှုဖွင့်အရေးယူမယ် ဆိုရင်လည်း လူမျိုးခြား၊ ဘာသာ
ခြားတွေက ငွေအားလူအားနဲ့ ဖုံးဖိထားတဲ့အတွက် အမှုမှန်ပေါ်ပေါက် ဖို့မလွယ်ဘူးဆိုတာ ကြိုသိထားပါတယ်။ ဒါကြောင့်မို့
ဒေါ်စန်းရီက သမီးဖြစ်သူရဲ့အလောင်းကို မြေမြုတ်ခြင်း၊ မီးသဂြိုဟ်ခြင်း မပြုပဲ ပုံမပျက်အုတ်ဂူသွင်းပေးဖို့ တောင်းဆိုပါ
တယ်။ နောက်ဆုံးတော့ ဒေါ်စန်းရီရဲ့ ဆန္ဒအတိုင်း အုတ်ဂူသွင်းပြီးသင်္ဂြိုဟ်လိုက်ပါတယ်။
ဒီအကြောင်းတွေကို တစ်ဆင့်စကား တစ်ဆင့်နားဖြင့် "မျိုးချစ်စိတ်ဓာတ်ရှိကြတဲ့ သံဃာတော်များနားထဲ သို့ရောက်ရှိသွား
ခဲ့ကြပါတယ်" သံဃာတော်များကလည်း ညတွင်းချင်းစုရုံးပြီး စုစုလတ်ရဲ့အုပ်ဂူကိုဖောက်ထွင်းပြီး စစ်ဆေးကြည့်ကြပါတယ်။
ရာဇ၀တ်ဘေးပြေးမလွတ်ဆိုတဲ့စကားအတိုင်း ရက်ရက်စက်စက်လူမဆန်စွာ သတ်ဖြတ်ထားတဲ့ အလောင်းရဲ့အမှုမှန်ကား
ယခုအခါဘွားခနဲပေါ်လာပါတော့တယ်။ ဒီသတင်းစကားဟာ တစ်ခဏအတွင်းမှာပဲ တစ်မြို့လုံးပြန့်နှံ့သွားပြီး တုန်လှုပ်
ခြောက်ခြားသွားခဲ့ကြပါ တယ်။ မြို့နေလူထုတွေအားလုံးဟာ မခံမရပ်နိုင်ဖြစ်ကာ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းဘဲ မျိုးချစ်စိတ်
ဓာတ် ပြသဖို့ လမ်းမပေါ်ဆီသို့ အသီးသီးထွက်လာခဲ့ကြပါတယ်။ ဒီအချိန်မှာ အမှိုက်ကစ ပြသာဒ်မီးလောင်
မဖြစ်ရအောင် အမြော်အမြင်ရှိတဲ့အာဏာပိုင်အဖွဲ့အစည်းများမှ အကြီးအကဲပုဂ္ဂိုလ် များရောက်ရှိလာကြ ပြီးတရားခံများကို
ဥပဒေအရထိရောက်စွာ အရေးယူပေးမည်ဖြစ်ကြောင်း ပြောကြားတော့မှ ပြဿနာ ငြိမ်းအေးသွားပါတော့တယ်။ အာဏာ
ပိုင်အဖွဲ့အစည်းမှ အကြီးအကဲပုဂ္ဂိုလ်များကလည်း သူတို့ရဲ့ကတိ စကားအတိုင်း တရားခံရာဇင်နှင့်တကွ အပေါင်းအပါလေး
ဦးတို့ကို ညတွင်းချင်းဖမ်းဆီးပြီး အားနွဲ့တဲ့ မိန်းခလေးကို လေးယောက်ဝိုင်းပြီး မတရားညှင်းဆဲသတ်ဖြတ်မှုနဲ့ အသီးသီး
ထောင်ဒဏ် တစ်သက် တစ်ကျွန်းစီ ချမှတ်လိုက်ပါတယ်။
တစ်ချိန်က သာယာလှပတဲ့အလုံမြို့လေးဟာ ယခုတော့သွေးစွန်းပြီးအကျည်းတန်လေခဲ့ပြီ။ ကြည်လင်အေးမြတဲ့ချင်း
တွင်းရေဟာလည်း သွေးနှောပြီးတော့ နောက်ကျိခဲ့လေပြီတကား….။
အမှာ။ ။ အထက်ပါဖြစ်ရပ်သည် ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးများအတွက် သတိထားသင့်တဲ့ အချက်မို
www.tunlinsoe.blogspot.com မှ ကူးယူဖေါ်ပြလိုက်တာပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment