မြန်မာစံတော်ချိန်
Friday, May 26, 2017
နန္ဒောအမြင် နန္ဒောသဘောထား ( သို့) ဆရာတော် ဦးဝီရသူ (အပိုင်း-၂)
၂။ ။စစ်အစိုးရနှင့် ဗုဒ္ဓဘာသာ (သို့) အာဏာလုသတ်ကွင်းအတွင်းမှ ဗုဒ္ဓဘာသာ
********************************************************
ကိုလိုနီခေတ်ပျက်အတွင်း ဗုဒ္ဓဘာသာအပေါ် ဖိနှိပ်ဆက်ဆံခံရသည့် စိတ်ဒဏ်ရာသည် မြန်မာလူမျိုးများအပေါ် စွဲမြဲနေခဲ့သည်။ ဗုဒ္ဓဘာသာကို TO “RESTORE BUDDHSIM” TO ITS “RIGHTFUL PLACE” IN SOCIETY လူမှုအသိုင်းအ၀ိုင်းမှာ ဗုဒ္ဓဘာသာ၏အခန်းကဏ္ဌ နေရာမှန် ပြန်လည်ရောက်ရှိဖို့ ဗုဒ္ဓဘာသာဝင်တို့ ပြန်လည်ကြိုးပမ်းကြသည်။ ဗုဒ္ဓဘာသာကို ကိုလိုနီလက်အောက်မှာ အဖိနှိပ်ခံခဲ့ရသည်ကို နှစ်ပေါင်းများစွာ တွေ့မြင်ခဲ့ရသော ကျွနုပ်တို့၏ ဘိုးဘွားများသည် ယနေ့ဗုဒ္ဓဘာသာများ ထင်မှတ်သိမြင်ထားသည့် ဗုဒ္ဓဘာသာထက် များစွာကျယ်ပြန့်နေသည်ကို တွေ့ရသည်။ ထိုသည်မှာ အခြားမဟုတ် BC 228 တွင် စတင်ကျင့်သုံးခဲ့ပြီး အေဒီ ၁၁ ရာစု၊ ပုဂံနေပြည်တော်တွင် ကျယ်ပြန့်လာသည့် ဗုဒ္ဓဘာသာ၏ လူမှုလမ်းညွန်ချက်များ၊ နိုင်ငံအုပ်ချုပ်မှုတွင် လွမ်းမိုးပတ်သက် နေမှုများပင်ဖြစ်သည်။ ဆိုလိုသည်မှာ “ပုဂံ ပင်းယ၊ အင်းဝ တောင်ငူ၊ နောင်မူညောင်ရမ်း၊ ကုန်ဘောင်နန်းတိုင်၊ တင့်လျှမ်းဝေစည်၊ မင်းနေပြည်” ဆိုသည့် ခေတ်အဆက်ဆက် ကျင့်သုံးခဲ့သည့် ဗုဒ္ဓဘာသာ၏ မှေးမှိန်နေသည့် မှုလတန်ဖိုးကို ပြန်လည်ပေးအပ်လိုကြသည်။ သည့်အတွက် ၁၉၄၇ ကိုလိုနီအစိုးရ ဆုပ်ခွာသွားပြီးနောက် လွတ်လပ်ခါစ နိုင်ငံတော်၏ ဥပဒေပြဌာန်းချက်တွင် "The State recognizes the special position of Buddhism as the faith professed by the great majority of the citizens of the Union." (ဗုဒ္ဓဘာသာသည် နိုင်ငံ၏ လူမျိုးအများစု ကိုးကွယ်သော ဘာသာအဖြစ် အထူးရာထူးတစ်ရပ်ကို နိုင်ငံတော်က အသိအမှတ်ပြုသည်) ဟု ထည့်သွင်းရေးဆွဲခဲ့သည့်။ ထိုနောက် ၁၉၄၈ တွင် သာသနာရေးဝန်ကြီးထားရှိကာ ဗုဒ္ဓဘာသာကို စောက်ရှောက်ခဲ့သည်။ ၁၉၅၄ တွင် ဆဌသံဂါယနာ တင်ပွဲကြီး ကျင်းပခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ် ဦးနေ၀င်း စစ်အစိုးရလက်ထက်တွင် နေရှင်နယ်လစ်ဇင်မှ ဘားမီးဝေးဆိုရှယ်လစ်ဇင်သို့ ပြောင်းလဲဖို့ ဖိအားပေးလုပ်ဆောင်ခဲ့သည်။ ထိုအကူးအပြောင်းတွင် မှုလတန်ဖိုးများ ပြန်လည်ရရှိကာစ ဗုဒ္ဓဘာသာလည်း နိုင်ငံရေးသမားများ၏ အာဏာလုသတ်ကွင်း အတွင်းသို့ ပြန်လည်ကျရောက်ခဲ့သည်။ ဗုဒ္ဓဘာသာကို ဖိနှိပ်ချိုးနှိမ်ခဲ့ကြသည်။
၂၀ ရာစုအစောပိုင်းကာလကတည်းက ရဟန်းပျိုသမဂ္ဂအဖွဲ့၊ YMBA (YMCA) လို မျိုးချစ်ဗုဒ္ဓဘာသာကျောင်းသားများအဖွဲ့များက တိုင်းပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုတွင် ထင်ရှားသော ရဟန်းတော်များမှာ ဦးဥတ္တမနှင့် ဦးဝိစာရတို့ဖြစ်သည်။ ဆရာတော် ဦးဥတ္တမသည် ၁၉ ရာစုနှောင်းပိုင်းကာလကတည်းက ပြင်သစ်၊ အီဂျစ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများကို သွားရောက်ခဲ့ပြီး တိုကျို Academy of Buddhist Science တွင် ပါဠိ၊ သက္ကတ စာပေများ ပို့ချပေးခဲ့သည်။ ထို့နောက် နိုင်ငံရေးနယ်သို့ရောက်ရှိကာ ဗိုလ်ချုပ်အောင်ဆန်း နှင့် ၀န်ကြီးချုပ် ဦးနုတို့လို မျိုးချစ်လူငယ်များကိုလည်း မွေးထုတ်ပေးခဲ့သူ ဖြစ်သည်။ ဆရာတော် ဦးဝိစာရမှာ ဗြိတိသျှအစိုးရကို ၁၆၆ ရက်ကြာ အစာငတ်ခံ ဆန္ဒပြရင်း ရန်ကုန်ထောင်အတွင်းမှာ ပျံတော်မူသွားရှာသည်။ အမျိုးသား နိုင်ငံရေးနယ်ပယ်တွင် ခေတ်ဦးနှစ်ဦးပိုင်း ကတည်းက တိုင်ပြည်လိုအပ်သည့်အခါတိုင်း ရဟန်းတော်များ ယခုကဲ့သို့ ပါဝင်လာခဲ့ကြသည်မှာ ထင်ရှားသည်။ ထိုရဟန်းတော်များ၏ အိမ်မက်သည် ပါလီမန်တွင် ထိုင်ခုံရရှိရေးအတွက်မဟုတ် ပြည်သူများ ဒုက္ခရောက်နေခြင်းနှင့် နှစ်ပေါင်း ၂၀၀၀ ကျော်သမိုင်းကြောင်းရှိသည့် နိုင်ငံတွင်းဗုဒ္ဓဘာသာနှင့်မြန်မာ့ယဉ်ကျေးမှု တည်တံ့ရေးကိုသာ ဦးတည်ကြသည်ကို တွေ့ရသည်။ ထိုကြောင့် ယခုလို တိုင်းပြည်ဟာ Socialism နှင့် Liberalism နိုင်ငံရေးသမားများအကြား ကြရောက်နေသည့်အခါတွင်လည်း ရဟန်းတော်များသည် ပြည်သူ့ဘက်မှ ရပ်တည်ခဲ့သည်ကို တွေ့ရသည်။ ဤအချက်ကို ၁၉၈၈ (Four Eights Uprising) နှင့် ၂၀၀၇ (Saffron Revolution) တို့တွင် ထင်ရှားစွာ တွေ့ရသည်။ ခြုံပြီးသိမြင်ရသော် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် Colonialist, Socialist, နှင့် Liberalist အဆက်ဆက်တွင် Nationalist (အမျိုးသားရေးသမား) များအဖြစ် ဆက်တိုက် ရပ်တည်လာသည်မှာ ထင်ရှားသည်။ သို့သော် ဆိုရှယ်လစ် အာဏာရှင်စစ်အစိုးရကို ပြည်သူမလိုလား၍ Liberal Democrats (LibDems) နှင့် လက်တွဲကာ ဒီမိုကရေစီခေါင်းစဉ်အောက်မှာ ပြည်သူနှင့်အတူ ရပ်တည်ခဲ့သည်။ ယင်းအချက်ကို ၁၉၉၀ ရွေးကောက်ပွဲ လက်ရှိအစိုးရ NLD ပါတီအနိုင်ရခဲ့ပေမယ့် Military Junta ရဲ့ အာဏာလွဲပြောင်းဖို့ ငြင်းဆိုခဲ့မှုကြောင့် LibDems များကို အပြည့်အ၀ထောက်ခံ အားပေးခဲ့မှုကို ကြည့်၍ သိနိုင်သည်။ ၂၀၁၂ နှောင်းပိုင်းချိန်ထိ LibDems များကို ထောက်ခံအားပေးခဲ့သည်။ ၂၀၁၃-၁၄ တွင် LibDems များ၏ အမျိုးသားအကျိုးစီးပွားကို အာရုံစိုက်မှု နည်းပါးသည့်အတွက် ခေတ်အဆက်ဆက် Nationalists များအဖြစ် ရပ်တည်ခဲ့သော ရဟန်းတော်များအဖို့ လစ်ဘရယ်များနှင့် ခွဲခွါခဲ့တော့သည်။ ၂၀၁၄ တွင် အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ရဟန်းတော်နှင့် လူပုဂ္ဂိုလ်များစုပေါင်းကာ Patriotic Association of Myanmar ( မဘသ) ကို စတင်ဖွဲ့စည်ခဲ့သည်။ ယခုချိန်ထိ မဘသအဖွဲ့သည် အမျိုးသားရေးနှင့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းစဉ်များ တစိုက်မတ်မတ် လုတ်ဆောင်နေသည်ကို တွေ့ရသည်။ အစိုးရဌာနများ အမျိုးသားရေး ထိပါးသည်ကိုပင် မဘသသည် သဘောထား ကြေညာချက်များထုပ်ပြန်ခြင်း လူထုထောက်ခံပွဲများ၊ ကန့်ကွတ်ပွဲများကျင်းပကာ သတိပေးခြင်းများကို တွေ့ရသည်။ မဘသ နှင့် ပတ်သက်လျှင် လက်ရှိအစိုးရသည် သတိထားကိုင်တွယ်နေသည်မှာ ထင်ရှားသည်။ သီရိလင်္ကာနိုင်ငံ နိုင်ငံရေးဖြစ်စဉ်ကို ကြည့်ကာ မြန်မာနိုင်ငံတွင်လည်း ၂၀၃၀ ရွေးကောက်ပွဲတွင် အမျိုးသားရေးအခြေပြု အမတ်များ (မဘသ) ပါဝင်လာနိုင်သည်ဟု မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။ (ဆက်ရန်)
နန္ဒောအမြင် နန္ဒောသဘောထား ( သို့) ဆရာတော် ဦးဝီရသူ (အပိုင်း-၁)
နိဒါန်း
*********
ဆရာတော် အကြောင်းနဲ့ လုပ်ဆောင်ချက်များကိုပြောလျှင် ထောက်ခံသူများနှင့် မထောက်ခံသူများကြားမှာ ကိုယ့်ရဲ့ခံစားချက်အတိုင်း ကွဲလွဲမှုတစ်စုံတစ်ရာ သို့မဟုတ် အငြင်းပွားမှု ဖြစ်လာမည်မှာ အမှန်ပင်ဖြစ်သည်။ ဆရာတော်အကြောင်းကို မေးမြန်တဲ့အခါ အပေါ်ယံသိမြင်ထားသည့် အချက်အလက်များကို ပေတံထားပြီး ဆုံးဖြတ်ချက်ချလို့ မရနိုင်ဟု မိမိ ယူဆသည်။ မိမိအနေဖြင့် ဆရာတော် လုပ်ဆောင်ချက်များကို သိမြင်ကြည့်သည့်အခါ မီဒီယာများက ဖော်ပြကြသည့် လုပ်ဆောင်ချက်များအပြင် သမိုင်းဆိုင်ရာအမြင်နှင့် စိတ်ခံစားချက်အမြင်မျာကို ထည့်တွင်းစဉ်းစားဖြစ်သည်။ ၂၀၁၀ ၊နောက်ပိုင်းတွင် အရှေ့တောင်အာရှနှင့် တောင်အာရှတွင် အမြင်မတူသည့် အုပ်စုတွေကြား ပတိပက္ခနှင့် ထိပ်တိုက်တွေ့ဆုံမှုများ များပြားလာသည်။ အဖွဲ့အစည်းများလည်း ပေါ်လာသည်။ ယင်းတို့တွင် သီဟိုဠ်ရှိ BBS(BUDDHIST STRENGHT FORCE) နှင့်မြန်မာနိုင်ငံတွင် မဘသ (အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး) အဖွဲ့အစည်းများသည် မီဒီယာပုံရိပ်တွင် တဟုန်ထိုးထင်ဟတ်လာသည့် အဖွဲ့အစည်းများဖြစ်သည်။
၁။ ။မြန်မာ့သမိုင်းကြောင်းနှင့် ဗုဒ္ဓဘာသာ
**************************
ရှည်လျားလှသည့် မြန်မာနိုင်ငံနှင့် ဗုဒ္ဓဘာသာ သမိုင်းကြောင်းများကို ပြည့်စုံအောင်ဖော်ပြဖို့ထက် အတိုချုပ် လိုအပ်သောအချက်အလက်များကိုသာ အကြမ်းဖျင်း ချပြလိုသည်။ မြန်မာ့ပညာရေးနှင့် ရဟန်းတော်များရဲ့ အတိတ်သမိုင်းကို ထောက်ဆလျင် မြန်မာပြည်တွင် ဗုဒ္ဓဘာသာ နှင့် ရဟန်းတော်များရဲ့ PRIMACY ၊ဖြစ်မှုကို လက်ခံရမည်ဖြစ်သည်။ ထိုအဓိကကျမှု၏ အကျိုးဆက်တစ်ရပ်ကို မြန်မာနိုင်ငံ ၁၉ ရာစု၊ ကိုလိုနီလက်ထက်တွင် ပိုမိုထင်ရှားစွာ တွေ့မြင်နိုင်သည်။ ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် ပညာတတ်မြန်မာများက နယ်ချဲ့များနှင့် ခရစ်ယာန်သာသနာပြုများက ဗုဒ္ဓဘာသာနှင့် မြန်မာ့ယဉ်ကျေးမှု အခန်းကဏ္ဌကို အားပျော့စေသည်၊ ဖျက်ဆီးနေသည်ဟု သိမြင်လာကြသည်။ အတွေသစ်များ ပေါက်ဖွားလာခဲ့ကြသည်။ CULTURAL MOVEMENT (ယဉ်ကျေးမှုအပြောင်းအလဲ) များ ပြင်ထန်လာခဲ့သည်။ NATIONALISTS (အမျိုးသားရေးသမားများ) ပေါ်ပေါက်လာခဲ့သည်။ ထင်ရှားသိသာဆုံးအချက်မှာ ထိုသိမြင်မှုများကြောင့် ပညာရေးတွင် အင်္ဂလိပ်ကျောင်းများ ပေါ်လာချိန် နေရှယ်နယ်စာသင်ကျောင်းများ ပေါ်လာခဲ့ခြင်းပင်ဖြစ်သည်။ ထိုအချိန်ကတည်းက အမျိုးဘာသာ သာသနာ စောက်ရှောက်ရေး နိုးဆော်မှုများ၊ အုပ်စုများ စတင်ပေါ်လာခဲ့သည်။ နှစ်ပေါင်းများစွာ ကိုလိုနီလက်အောက် ကျရောက်ခဲ့သည့်အတွက် နေရှင်နယ်လစ် စိတ်ဓာတ်များမှာ အမြစ်တွယ်လာသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းထိ အမျိုးသားရေး စိတ်ဓာတ်များရှင်သန်ဖို့ ဆော်သြမှုများ များစွာရှိခဲ့သည်။ ထိုတွင် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးရေးသားသည့် အနာဂါတ်သာသနာရေး အမည်ရှိ စာအုပ်သည် ထင်ရှားကျော်ကြားသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးရေးသားသည့် အမျိုးသားရေး စာအုပ်တစ်အုပ်လည်း ဖြစ်သည်။ နောက်ပိုင်းတွင် လူပုဂ္ဂိုလ်များလည်း ရေးသားကြသည်။ ရွေဒုန်းဘီအောင်၏ ကိုယ်တော့် ကရုဏာ၊ ရွှေချိန်ခွင်၊ အမျိုးပျောက်မှာ စိုးကြောက်စရာ စသည့် စာအုပ်များပေါ်လာခဲ့တော့သည်။ ဇာတ်ကောင်ကွဲပေမယ့် အခြေခံကျောရိုး စိတ်ခံစားချက်များသည် အတူတူပင်ဖြစ်သည်။ ၁၉၅၄ ခုနှစ်တွင် ၀န်ကြီးချုပ် ဦးနု ဆသံဂါယနာ တင်ခြင်းသည် နိုင်ငံရေးအမြတ်ထုတ်မှုဟု လူပြောသူပြော ရှိပေမယ့် နယ်ချဲ့နှင့် ခရစ်ယာန်သာသနာပြုများ သင်ကြားပေးခဲ့သည့် နေရှင်နယ်လစ် အတွေးအမြင်များကြောင့်ဟု အကြောင်းရင်းတစ်ခုအဖြစ် ယူဆနိုင်သည်။
Sunday, October 12, 2014
Saturday, October 11, 2014
Subscribe to:
Posts (Atom)