မြန်မာစံတော်ချိန်

Friday, May 26, 2017

နန္ဒောအမြင် နန္ဒောသဘောထား ( သို့) ဆရာတော် ဦးဝီရသူ (အပိုင်း-၃)

၃။ ။ဗုဒ္ဓဘာသာ၊ အမျိုးသားရေးဝါဒ နှင့် မြန်မာနိုင်ငံ ( Buddhism, Nationalism and State) ************************************************************************ 2014 သန်ခေါင်စာရင်းအရ ၈၇.၉ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာ၊ ခရစ် ၆.၂၊ မူစလင် ၄.၃၊ ဟိန္ဒူ ၀.၅၊ အခြား ၀.၂ နှင့် ဘာသာမဲ့ ၀.၁ ရာခိုင်နှုန်းစီ အသီးသီး ရှိကြသည်။ သည့်အတွက် ဗုဒ္ဓဘာသာ၏ အဆုံးအမ၊ ထုံးတမ်းဓလေ့များသည် လူမှုရေး၊ ယဉ်ကျေးမှု နှင့် နိုင်ငံရေး နယ်ပယ်အသီးသီးတွင် အဓိကအခန်းကဏ္ဌမှ ပါဝင်လျှက်ရှိသည်။ ထို့ကြောင့် ဘာသာကြီးတစ်ခုက အဓိကရပ်တည်နေသည့်နေရာဒေသတစ်ခုတွင် ပဋိပက္ခတစ်ခုကို ဘာသာရေး ပဋိပက္ခအဖြစ် သတ်မှတ်မည်ဆိုလျှင် သို့မဟုတ် ပဋိပက္ခဆက်နွယ်ပတ်သက်မှုများသည် ဘာသာရေးမူဘောင်များနောက် လိုက်ပါနေ မည်ဆိုလျှင် မြန်မာပြည်ရှိ ပဋိပက္ခများသည် ဘာသာရေးပဋိပက္ခဟု မဆိုနိုင်ပေ။ ဥပမာဆိုရသော် မန္တလေးရှိ မိမိသတင်းသုံးသောကျောင်းတိုက်တစ်ခုတွင် ရှမ်းကြီးဟုခေါ်ကြသည့် ရှမ်းကိုရင်များရှိသည်။ ထိုကိုရင်များသည် ထိုင်းဘာသာစကားကို အချို့နားလည်ဟန်ရှိသည်။ သည့်အတွက် ထိုင်းနှင့် မြန်မာ ဘောလုံးကန်ပါက ထိုကိုရင်တို့မှတပါး အခြားတိုင်းရင်းသားများအပါဝင် ကျန်သော ကိုရင်များသည် မြန်မာအသင်းကို အားပေးကြပြီး ထိုရှမ်းကိုရင်တို့မှာမှု ထိုင်းဘောလုံး အသင်းကို အားပေးကြစဉ် ကိုရင်အချင်းချင်း တဖက်နှင့်တဖက် ငြင်းခုံမှုဖြစ်သည်ကို တွေ့ရဘူးသည်။ ထို့ကြောင့် ပဋိပက္ခတစ်ခုမှာ လူမျိုးရေးနှင့် ဘာသာစကားမူ ဘောင်များသည် ဘာသာတရားထက် ပိုမိုအရေးကြီးကြောင်းတွေ့နိုင်သည်။ ထို့ပြင် သီရိလင်္ကာရှိ တမီးလ်ဘာသာစကားပြော ကတ်သိုလ်လစ် ဘစ်ရှော့များသည် တမီးလ် ခွဲထွက်ရေးနယ်မြေအတွက် အားပေးထောက်ခံကြပြီး၊ ဆင်ဟာလဘာသာစကားပြော ကတ်သိုလ်လစ် ဘစ်ရှော့များကမူ ဆင်ဟာလ လူမျိုးများအဖြစ် ရပ်တည်ပေးကြ သည်ကိုတွေ့ရသည်။ ထို့ပြင် အရှေ့အလယ်ပိုင်း မူစလင်နိုင်ငံများရှိ ပဋိပက္ခများတွင် ဘာသာတူခြင်းဖြစ်ကြသည်ကို တွေ့ရသည်။ ယခု ဖြစ်စဉ်များကို ကြည့်ခြင်းအားဖြင့် ပဋိပက္ခတစ်ခုမှာ ဘာသာရေးသည် အဓိကမကြပေ။ သည့်အတွက်ကြောင့် ethnic and linguistic boundaries are more important than religious identities ဟုပဲ မှတ်ယူရပေမည်။ သို့သော် မြန်မာပြည်တွင် ဘာသာတရားသည် အရေးကြီးလှသည်။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာယဉ်ကျေးမှု ထုံးတမ်းဓလေ့များသည် မြန်မာ့အမျိုးသားရေးဝါဒတွင် အတိမ်းအစောင်းမခံသော ပါဝင်မှုတစ်ရပ်အဖြစ် ရပ်တည်နေသောကြောင့်ဖြစ်သည်။ ထို့ပြင် ယုံကြည်ချက်မတူသည့် အုပ်စုများကြားပဋိပက္ခများ မြင့်တက်လာကြောင်း ညွန်းကိန်းများက ဖော်ပြရေးသားနေကြသည်ကိုလည်း သတိပြုရပေမည်။ ၄။ ။ဘာသာရေးဆိုင်ရာ အမျိုးသားရေးဝါဒ (Religious Nationalism) ****************************************************** မျက်မှောက်အမျိုးသားရေးသမားများကြား နိုင်ငံရေး ပြောဆိုဆွေးနွေးမှုများသည် ခေတ်ပေါ်အမျိုးသားရေး အိုင်ဒီယိုလိုဂျီက များစွာလွမ်းမိုးထားသည်ကို တွေ့ရသည်။ ဘုန်းတော်ကြီးများနှင့် လူထုမှ ထောက်ခံပေးထားသည့် ယင်းအိုင်ဒီယိုလိုဂျီအရ ဆုံးရှုံးနေသော မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးတို့၏ အခွင့်အရေးများနှင့် မြန်မာ့ယဉ်ကျေးမှု မျှားဦးမယိမ်းယိုင်ပဲ ရှေးယခင်ဘိုးဘေးများ ပိုင်ဆိုင်ခဲ့သည့် မြန်မာ့ဂုဏ်ဒြပ်ကို Restore လုပ်ဖို့ပင်ဖြစ်သည်။ Religious Nationalism Ideology ၏ အစောဆုံးလွှမ်မိုးမှုမှာ မွန်ဗုဒ္ဓဘာသာသမိုင်းဖြစ်ပြီး ပုဂံခေတ် အနော်ရထာဘုရင်၏ ဗုဒ္ဓဘာသာကို State Religion အဖြစ် ပုံဖော်ခဲ့ခြင်းက ထိုလွှမ်းမိုးကို အားကောင်းစေ ခဲ့သည်။ နောက်ဆုံး ထိုအိုင်ဒီယိုလိုဂျီကို ယခုချိန်ထိ ဆက်လက်ရှင်သန်ဖို့ ကုန်းဘောင်မင်းဆက်ကျဆုံးပြီး ကိုလိုနီအစိုးရ၏ မြန်မာ့ယဉ်ကျေးမှုများနှင့် ဗုဒ္ဓဘာသာအမွေအနှစ်များကို ဖျက်ဆီးခဲ့ခြင်းက Religious Nationalism Ideology ကို အမြစ်တွယ်စေခဲ့သည်။ ခြုံ၍ဆိုရသော် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် နိုင်ငံရေးသြဇာကို Balance လုပ်နိုင်ပြီး ဗုဒ္ဓဘာသာကို ပါးနပ်စွာနီးနီးကပ်ကပ်ဆက်ဆံဖို့ လိုအပ်မည်ဖြစ်သည်။

No comments:

Post a Comment